Main menu

“ သုံးခွမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ဆန်ကြမ်း၊ ဆန်ချောရောင်းချ သောဆိုင်များသို့ ဆန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး၊ ဆန်ပြတ်လပ်မှုမရှိစေရေး ဧပြီလ (၄)ရက် နေ့၊ ညနေ (၁၅:၃၀)နာရီအချိန်တွင် အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄)ရပ် ကွက်၊ အောင်ဇေယျလမ်းရှိ မွှေးဆန်ဆိုင်၊ အမှတ်(၉)ရပ်ကွက် အောင်ဇေယျလမ်းရှိ မြန်မာ့ဂုဏ်ရောင် ဆန်ဆိုင်နှင့် ကိုမိုး (ဧရာဝတီ)ဆန်ရောင်းဝယ်ရေး ဆိုင်များသို့ ဆန်ကြမ်း၊ ဆန်ချောများ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေများ ဝယ်ယူရရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှု အခြေအနေ များအား ဆန်ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံမေးမြန်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ဆန်ကြမ်း အများစုမှာ ဒေသအတွင်းမှ ဝယ်ယူရရှိကြောင်း၊ ဆန်ချောများအား ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ဧရာဝတီနှင့် ကျောက်တန်းမြို့နယ်များမှ ဝယ်ယူရောင်းချကြကြောင်း၊ ဆန်များအား သတ်မှတ် ရည်ညွှန်းဈေးထက်ပို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆန်ဆိုင် ပိုင်ရှင်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)