Main menu

“ခရမ်းမြို့နယ်မြို့နယ်၌ပန်းချီဆွဲနည်းသင်တန်းဖွင့်ပွဲသို့စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ တက်ရောက် အားပေးခြင်း ”

Powered by Drupal

   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲသို့ ခရမ်းစားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

     ထိုသင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ခင်ထက်ထက်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေ၊ စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်၊ မြို့နယ်ပန်းချီပညာရှင် ဦးဖြူနှင့် ဦးဌေးဝင်းတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ခင်ထက်ထက်က အဖွင့်အမှာ စကား ပြောကြားခြင်း၊ မြို့နယ်ပြန်/ဆက်ဦးစီး ဒေါ်ခင်နှင်းဝေက ကလေးငယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် သင်ကြားပေး ပန်းချီများတတ်မြောက်ပြီး၊ စာပေပညာသာမက ဘက်စုံတတ်မြောက်သော လူငယ်များဖြစ်စေရန် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်၍ ကလေးငယ် များသည် စိတ်ပါဝင်စားစွာဖြင့် သင်ယူကြရန် ပြောကြားခြင်းနှင့် ပန်းချီသင်တန်းနည်းပြ ဦးဖြူက ပန်းချီပညာသင်ကြားရသည့် ရည်ရွယ်ချက်များဖြစ်သော မှတ်ဉာဏ်၊ စိတ်ကူးဉာဏ်နှင့် တီထွင်ဖန်တီးတတ် သည့် ဉာဏ်တိုးပွားစေရန်၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်စေရန်၊ အဖျက်အဆီးစိတ်ဓာတ်လျော့ နည်းစေရန်နှင့် ပန်းချီအနုပညာဆိုင်ရာ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်တို့အတွက် သင်ကြားရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြီး ပန်းချီသင်တန်းကို ဆက် လက်သင်ကြားခဲ့ကြောင်း သိရပြီး ပန်းချီသင်တန်းတွင် ကလေးငယ်(၄၀)ဦးခန့် တက်ရောက်သင်ကြား၍ သင်ထောက်ကူ ပစ္စည်းများအခမဲ့ သင်ကြားပေးပြီး သင်တန်းကာလမှာ (၁၀)ရက်ခန့် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)