
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းမြို့နယ်ဆန်စပါးအသင်းမှဦးစိုင်းဇော်ဇော်လင်းနှင့်အတူ (၄-၄-၂၀၂၅) ရက်နေ့ ၊ (၁၂:၄0)နာရီအချိန်တွင် အမှတ်(၄)၊ ဇဗ္မူဒိပ်လမ်း၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဆိုင်ရှင် ဒေါ်သိမ့်သိမ့်ဆွေ(အောင်မြန်မာ)ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှုအခြေ အနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့်ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး ယခုအခါ သဘာဝ ဘေးအန္တာရာယ်များကြောင့် ရွှေဘို ပေါ်ဆန်းဆန်များကို ဈေးမြှင့်တင်ရောင်းချနေသည်ဟု ဈေးကွက်သတင်းများကြားနေရသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ဈေးမြှင့်တင်ရောင်းချခြင်း မပြုကြရန်နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များ သိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ရာ ဆိုင်ရှင်မှ သိလိုသည်များ ပြန် လည် မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)