စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းမြို့နယ်ဆန်စပါးအသင်းမှဦးစိုင်းဇော်ဇော်လင်းနှင့်အတူ (၄-၄-၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀0)နာရီအချိန်တွင် အမှတ်(၁၆)၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်း ကျွန်းမြို့နယ်ရှိ ဆိုင်ရှင် ဦးချစ်ဆွေ(အရုဏ်ဦး)ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေ များ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချနေ သော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့်ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး ယခုအခါ သဘာဝဘေး အန္တာရာယ်များကြောင့် ရွှေဘို ပေါ်ဆန်းဆန်များကို ဈေးမြှင့်တင်ရောင်းချနေသည်ဟု ဈေးကွက် သတင်းများကြားနေရသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ဈေးမြှင့်တင်ရောင်းချခြင်း မပြုကြရန် နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ရာ ဆိုင်ရှင်မှ ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချပေးကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)