
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းမြို့နယ်ဆန်စပါးအသင်းမှဦးစိုင်းဇော်ဇော်လင်းနှင့်အတူ (၄-၄-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် အမှတ်(၁၁)၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဆိုင်ရှင် ဒေါ်သီသီနှင်း(ကြယ်ဖြူ)ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များ စစ်ဆေးခြင်း ရွှေဘိုပေါ်ဆန်းဆန်များ ဈေးမြှင့်တင်ရောင်းချနေသည့် ဈေးကွက်သတင်းများကြားနေရသဖြင့် ယခုလိုစစ်ဆေးရခြင်းဖြစ်ကြောင်း၊ ဈေးမြှင့်တင် ရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ရာ ဆိုင်ရှင်မှ ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချပေးကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)