Main menu

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၂၉)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၂၉ )ရက်မြောက်နေ့အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်းတွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၁.၅.၂၀၂၅ ရက်နေ့တွင် ဆန် (၉၆) ပြည်၊ ဆီ (၅၈)ပိဿာ၊ ဆား(၆)ပိဿာ၊ ကုလားပဲ(၃၀)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၂)ပိဿာ၊ ပုဇွန်ခြောက်(၁) ပိဿာ၊ ကြက်ဥ (၁၇၀)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၁၀) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်( ၇၃၉၂ ) ပြည်၊ ဆီ (၄၈၇၃) ပိဿာ ၊ ဆား(၆၉) ပိဿာ၊ ကုလားပဲ(၃၅၄)ဘူး၊ ငါးပိ(၂၂)ပိဿာ၊ ငါးခြောက် (၂၂)ပိဿာ၊ ပုဇွန်ခြောက်(၆)ပိဿာ (၆၀)ကျပ် သား၊ ကြက်သွန်နီ (၅၆၈) ပိဿာ၊ အသားတု( ၂၆ ) ပိဿာ၊ ကြက်ဥ (၅၉၇၆) လုံး၊ ဘဲဥ(၃၀၁)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်  စစ်ကိုင်းခရိုင် ရေအရင်းမြစ် ဝန်ထမ်းအိမ်ရာတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)