ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦစီးဌာန အစည်းအဝေးခန်းမတွင် ၂၅.၄.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဦစီးမှူး၊ ပုသိမ်ခရိုင်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပုသိမ်မြို့ပေါ်ရှိ ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကား ရောင်းချနေသော လုပ်ငန်းရှင်များ ခေါ်ယူတွေ့ဆုံခြင်း အစည်းအဝေးကို ကျင်းပခဲ့ပါသည်၊၊
အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီမှူးက ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကားဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချရေး ပြောကြားခဲ့ပြီး တက်ရောက်လာသော ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကား ရောင်းချနေသော လုပ်ငန်းရှင်များမှလည်း နေ့စဉ်ရောင်းချနေမှု အခြေအနေနှင့် ဈေးနှုန်းများ တင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၁:၀၀) တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)