
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဧပြီလ ၂၈ ရက်နေ့တွင် ဒုတိုင်းဦးစီးမှူး ဒေါ်လှလှမော်ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ရမှုဌာနခွဲမှ ဝန်ထမ်းများ ပုသိမ်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံတို့နှင့်အတူ မိတ်ဖက်ဌာနဆိုင်ရာများ ဖြစ်သည့် မြို့နယ် ကျန်းမာရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် ပူးပေါင်း၍ ဦးစားပေးစောင့်ကြည့် စစ်ဆေးမည့် ဝန်ဆောင်မှု ကဏ္ဍ ၃ရပ်တွင် ပါဝင်သော အစားအသောက်ဝန်ဆောင်မှု လုပ်ငန်း များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်၊၊
စားသောက်ဆိုင်များအနေဖြင့် မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များ ဖော်ပြရန် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများတွင် မသန့်ရှင်းခြင်း၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ ဝန်ဆောင်မှု ပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ဝတ်စားဆင်ယင်မှုအားနည်းခြင်း၊ အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုမရှိခြင်းစသည့် အကြောင်းများကြောင့် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်ခြင်းမှ စားသုံးသူများအား ကာကွယ်ရန် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် ပတ်သတ်၍ ပုသိမ်မြို့ပေါ်ရှိ ငွေစောင်းသံ ၊ တို့ဌာနေ၊ 98 စားသောက်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)