Main menu

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအထွက်နှုန်းတိုးတက်စေရေး၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာမျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ   

Powered by Drupal

  ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြို့နယ်စိုက်တိုးမြှင့် ဒု-မြို့နယ် ဥက္ကဌနှင့်အဖွဲ့ဝင်များသည်ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်၊ဓမ္ဘီကျေးရွာအုပ်စုရှိတောင်သူဦးကျော်ကျော် ဆွေ၏ လယ်မြေဧရိယာ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီကာလတွင် မိုးစပါးအထွက် နှုန်းတိုးတက်စေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ခြင်းနှင့်ကြဲပက်ပွဲအခမ်းအနားသို့  တက်ရောက်ကြကာ ဟင်္သာတမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင် များနှင့် အတူ  စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတမြို့နယ်တာဝန်ခံမှ ထိုအခမ်းနား သို့ တက်ရောက်ခဲ့ ကြပါသည်။

  အဆိုပါအခမ်းအနားကို ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဓမ္ဘီကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော် ကျော်ဆွေ၏ လယ်မြေ(၂ ဧက)၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များကြဲပက်လျက်ရှိကာ အဆိုပါ သစ်စိမ်းမြေဩဇာကြဲပက်ခြင်းကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊ မိုးစပါးအထွက်နှုန်း တိုးတက် လာစေရန်နှင့် ဓါတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ ရေ တို့တွင် ဓါတုအဆိပ်သင့်မှုလျော့နည်းစေ၍ မြေဆီလွှာ၏ချဉ်ငံဓါတ်ကိုလည်း ထိန်းညှိပေးသည့်အကျိုးကျေးဇူး များစွာ ရရှိနိုင်ကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူ များ၊သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများ  တက်ရောက်ကာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး နံနက်(၁၁:၀၀)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)