Main menu

ကန့်ဘလူမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “အောင်မြင့်” ဆန်စက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းတွေ့ဆုံရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်များကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိလုပ်ငန်း များအား လစဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဒေသထွက်ဆန်များကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် ပြည်သူများအား ရောင်းချပေးရန် အသိပညာပေး ပြောကြား ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)