
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၆.၄.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မကွေးခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်း အဖွဲ့ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မကွေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မကွေးမြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်(၂၇)ဦးတို့အား တွေ့ဆုံဆွေးနွေး ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် မကွေးခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌမှ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဘိလပ်မြေအပါအဝင် အခြားအိမ်ဆောက်ပစ္စည်းများနှင့် အခြေခံစားသောက် ကုန်စျေးနှုန်းများအား စီးပွားဖြစ်အဆမတန် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စျေးနှုန်းများအား ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းဖြင့်သာ ရောင်းချစေခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ကုန်ပစ္စ္စည်း စျေးနှုန်းများအား အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိသည်ကို တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ကုန်ပစ္စည်းများအား စျေးကစားမှုပြုလုပ်ခြင်းရှိ/မရှိ လျှို့ဝှက်စုံစမ်း မေးမြန်း၍ အရေးယူမည်ဖြစ်ကြောင်းနှင့် စာသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးမှလည်း ဌာနအနေဖြင့် အပတ်စဉ် အခြေခံစားသောက်ကုန်စျေးနှုန်းပစ္စည်းများ၊ ရွှေ၊ ပဲ/သီးနှံမျိုးစုံ၊ စက်သုံးဆီ စျေးနှုန်းများနှင့် အိမ်ဆောက်ပစ္စည်းစျေးနှုန်းများအားလည်း နေ့စဉ်၊ အပတ်စဉ် ကောက်ယူတင်ပြ လျက်ရှိပါကြောင်းနှင့် ကုန်ပစ္စည်းများဝယ်ယူပါက (Voucher)လက်ခံရယူထားရန်၊ အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဝယ်ယူရသည့် ကုန်စည်များ၏ ဝယ်ရင်းစျေးနှုန်းအပေါ် သယ်ယူ စရိတ်နှင့် လုပ်သားခများပေါင်းပြီး သင့်တင့်မျှတသော စျေးနှုန်းများဖြင့်သာ ရောင်းချရန်ဆွေးနွေးခဲ့ပြီး မကွေး ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌမှ ကုန်ပစ္စည်းစျေးနှုန်းများအား သင့်တင့်သော စျေးနှုန်းဖြင့် ရောင်းချရန်နှင့် ထူးခြားစွာစျေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တင်ပြ ပေးပါရန်နှင့် ကွင်းဆင်းစစ်ဆေးချိန်တွင် စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)