
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့မှဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော တိုင်းဒေသကြီးအထူးစုံစမ်းစစ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ “Chintwin Rixer၊ Fancy-2 ၊ The Cnner၊ Shwe Kan Thar စားသောက်ဆို်ငများသို့ ကွင်းဆင်းကြောင်းသိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အစားအသောက်များပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မှရှိ၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန်၊ စား သောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြရန် စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန်၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား၊ ပမာဏ အလိုက်ဈေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် စသည့်အချက်အလက်များကို စစ်ဆေးခဲ့ပြီ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက် အလက်များအကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)