
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မေလ (၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးအခန်းမ တွင် မြို့နယ် အတွင်းရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသော လုပ်ငန်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးအတွက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့အား ရှင်းလင်းအသိပေး ခဲ့ကြောင်းသိရသည်။
ထိုတွေ့ဆုံရှင်းလင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက မတ်လ (၂၈)ရက်နေ့ တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် တိုက်တာ၊ အိုးအိမ်၊ အဆောက်အဦးများ ပျက်စီး ခဲ့ခြင်းကြောင့် ယခုအချိန်တွင် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ တည် ဆောက်ပြုပြင်ကာလအတွင်း လိုအပ်သော အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သွပ်၊ သံ၊ သဲ၊ အုတ်၊ ကျောက်စရစ်များအား လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချ မှုမရှိ ပြုလုပ်ကြရန်၊ အိမ်ဆောက်ပစ္စည်းများရောင်းချရာတွင် ဝယ်ဈေးထက် ရောင်းဈေးအမြတ် ၁၀ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ အမြတ်တင်ရောင်းချကြရန်၊ ၁၅.၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အမြတ် တင်ရောင်းချသော ဆိုင်များအား အမှုဖွင့် တရားစွဲဆို၍ ဆိုင် (၁)လခွဲ ပိတ်သိမ်းစေရန်၊ ၃၀.၁ ရာခိုင်နှုန်း အထက်အမြတ်တင် ရောင်းချသော ဆိုင်များအား အမှုဖွင့် တရားစွဲဆို၍ ဆိုင်(၃)လ ပိတ်သိမ်း မည် ဖြစ်ကြောင်းနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အဝယ် အရောင်း ပြေစာများအား မြေပြင်ကွင်း ဆင်းစစ်ဆေးချိန်တွင် တင်ပြနိုင်ရန် ဆောင်ရွက် ထားကြ ရန်တို့အား ရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးကျော်စိုးက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၃၈)မြို့နယ်တွင် အိမ်ဆောက်ပစ္စည်းများအား ၁၅%အထက် ဈေးနှုန်းမြှင့်တင် ရောင်းချသော ဆိုင်များအား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၆)၊ ပုဒ်မခွဲ (ခ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၃၀)၊ ပုဒ်မ ခွဲ(က)အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း အား ရှင်းလင်းခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က ယခုအခါတွင် ခရမ်းမြို့နယ်၌ ဘိလပ်မြေ ကုန်ပစ္စည်းများ ဝယ်လိုအားများ၍ ပစ္စည်းပြတ်နေပြီး ဘိလပ်မြေပစ္စည်းများ ဝင်ရောက်လာပါက ဈေးနှုန်းများမြှင့် တင်ရောင်းချမှုမရှိစေရန်နှင့် အိမ်ဆောက်ပစ္စည်းများ၏ အဝယ်အရောင်း ပြေစာ၊ ချလံများများ တင်ပြ နိုင်ရေး၊ ၁၅% အထက်ဈေးနှုန်း မြှင့်တင်ရောင်းချပါက အမှုဖွင့်တရားစွဲဆိုမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များမှ မိမိတို့ တွေ့ကြုံနေရသော အခက်အခဲများအား တင်ပြ ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
DOCA(ရန်ကုန်)