
၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် ဖြစ်ပွားသော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုနှင့် ဆက် စပ်၍ ဈေးကွက်၌ ဘိလပ်မြေ ဝယ်လိုအား မြင့်တက်ခဲ့သဖြင့် အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ရောင်းဝယ်လျှက် ရှိသည့် ဆောက်လုပ်ရေး ပစ္စည်းဆိုင်များသို့ ဧပြီလ (၃၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲမှူး သောင်းရွှေနှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်၊ မြို့မရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်မှ ပိုင်ရှင်များနှင့် တွေ့ဆုံပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များတွင် (၂၇.၄.၂၀၂၅)ရက်နေ့၌ ရောင်းချလျှက်ရှိသော ဘိလပ်မြေ၊ အုတ်သဲ၊ ကျောက်၊ သံ အရောင်း ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အမြတ် ၁၀ရာခိုင်နှုန်း အထက်မှ ၁၅ ရာခိုင် နှုန်းအထိ ရောင်းချသော အရောင်းဆိုင်များအား ညွှန်ကြားချက်နှင့်အညီ အရေးယူဆောင်ရွက်ခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း ဆိုင်ပိုင်ရှင်များ အနေဖြင့် မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား အမြတ် ၁၀ ရာခိုင်နှုန်းဖြင့် မကျော်သော ဈေးများဖြင့် သာ ပြန်လည်ဖြန့်ဖြူး ရောင်းချကြရန်နှင့် ဆိုင်ရှိပစ္စည်းလက်ကျန် ဈေးနှုန်းတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
DOCA(ရန်ကုန်)