Main menu

ဓနုဖြူမြို့နယ် ကန်ထရိုက်လယ်ယာ မျိုးစေနှင့် မြေဩဇာပေးအပ်ခြင်းနှင့် ပိုက်ဆံလျော် မျိုးစေ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ (၂-၅-၂၀၂၅)ရက်နေ့ မွန်လွဲပိုင်းက မအူပင်ခရိုင်ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု မရမ်းချောင်းကျေးရွာ၊ ဆောင်သူဦးညွှန့်ဝင်း၏ လယ်ဧက ၅.၇၈ ဧကတွင် ကျင်းပပြုလုပ်သောမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်ဆေးမြေဩဇာ ပိုက်ဆံလျှော် မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကျဲပတ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော် မျိုးစေ့ ပေးအပ်ခဲ့ပြီး ခရိုင်မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စိုက်တိုးမြင့်အဖွဲ့တို့က မျိုးစေ့ကို စုပေါင်းကျဲပက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဓနုဖြူမြို့နယ် ကဥ္စနကျွန်းသာ ကုမ္ပဏီလီမီတက်တွင် မိုးစပါးရာသီ ၂၀၂၅/၂၀၂၆ ကန်ထရိက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့် တောင်သူများအား သီးနှံစိုက်စွမ်းအားတို့မြှင့်စေရေး ပိုမိုကြိုးစားစိုက်ပျိုးရန်ကို တိုက်တွန်း ပြောကြားခဲ့ပြီး ကုမ္ပဏီ အထွေထွေမန်နေဂျာမှ ကန်းထရိက်လယ်ယာစိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းခဲ့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများကို မျိုးစပါးနှင့် ဓါတ်မြေဩဇာများပေးအပ်ခဲ့ပြီးနောက် တောင်သူများတင်ပြလာမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)