
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်ကွင်းဆင်း၍ စက်သုံးဆီအရောင်းဆိုင်(၇)ဆိုင်ကို စက်သုံးဆီတင်သွင်း/သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကို (၂-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်မြို့နယ် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ကြီးကြပ် ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းဈေးများ အတိုင်း ရောင်းချရန် ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၊ မိမိတို့ရောင်းချနေသောကုန်စည်များကို အလေး၊ အချိန်အတွယ်ပြည့်ဝစွာ ရောင်းချကြ ရန် သိရှိစေရန်အလို့ငှာ ပြောကြားပြီးနောက် ရောင်းချနေသော ဆီအမျိုး’အစားရောနှောခြင်း ရှိ/မရှိ ဆီအရောင်များကို နမူဏာယူ စစ်ဆေးခြင်းတို့ကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ကစစ်ဆေးခဲ့ပြီး ဆီဆိုင်လုပ်ငန်းရှင် များသိရှိလိုသည်များကို ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)