
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်အသီးသီးရှိ စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးနှင့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ရောင်းချနေမှုအခြေအနေနှင့် စိုက်ပျိုးရေး ဦးစီးဌာန၏ သတ်မှတ်ခွင့်ပြုထားသော လိုင်စင်များဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိ/မရှိ ပစ္စည်းသယ်ယူ ရောင်းချနေမှု အခြေအနေတို့ကို ၂၀၂၅ ခုနှစ်၊ မေလ (၇)ရက်နေ့ နံနက် (၀၈;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များအတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဒေါ်မြင့်မြင့်ရီ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်း၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ယုဝေမင်းနှင့် ရဲတပ်သားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်း နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေအောင် တို့အဖွဲ့ ပူးပေါင်းပါဝင်၍ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ရောင်းချနေမှု အခြေအနေနှင့် စိုက်ပျိုးရေးဌာန၏ သတ်မှတ်ခွင့်ပြုထားသော ရောင်းချခွင့်လိုင်စင်များ ဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိကြောင်း၊ ပစ္စည်းသယ်ယူရောင်းချနေမှု အခြေအနေအဆင်ပြေလျက်ရှိကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် ရောင်းချခွင့်လိုင်စင်များ သက်တမ်းတိုးရန်မှာကြားပြီး ၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည် များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြဆောင်ရွက်ထားခြင်းရှိသော စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးကိုသာ ရောင်းချကြရန်တို့ကို အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)