Main menu

ရောနှောဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

   ၄.၅.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၃၀)အချိန်တွင်  ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ရောနှောဆီရောင်းချမှု ရှိသဖြင့် ရောနှောဆီရောင်းချသော မြို့မဈေးအတွင်း လုပ်ငန်းရှင်ထံ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်ခဲ့ကြပြီး ရောနှောဆီ ရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ရောနှောဆီရောင်းချသူလုပ်ငန်း ရှင်များသိရှိလိုက်နာနိုင်ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဟင်းသီးဟင်းရွက် ရောနှောဆီ အရည်အသွေးအာမခံချက် နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်အမိန့် ဖော်ပြရမည့် အချက်များဖြင့် ကိုက်ညီမှု ရှိမရျိကို စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်တို့သည် သက်ဆိုင်ရာဌာနတို့၏ ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေ အမျိုးသာ’အစားအသောက်ဥပဒေအရ အရေယူသွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)