
မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ် လမ်းညွှန်မှုဖြင့် ညောင်တုန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကြက်ဥ၊ ဘဲဥ နှင့် ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ငါးများကို သက်သာသော ဈေးဖြင့် ဝယ်ယူနိုင်ရန် ၂.၅.၂၀၂၅ မှ ယနေ့ ၅-၅-၂၀၂၅ရက်နေ့အထိ နံနက်ပိုင်းက ကုန်ဈေးနှုန်းတည်ငြိမ်ရေးလူပ်ငန်းအဖွဲ့များဖြင့် (၃)ရပ်ကွက်၊ (၄)ရပ်ကွက်၊ (၇)ရပ်ကွက်၊ (၉)ရပ်ကွက်နှင့် ဆားမလောက်ဈေး၊ တာကွေ့ဈေး၊ ကြိမ်ပင်ဆယ်ကျေးရွာ၊ မဲဇလီကျေးရွာများတွင် အဖွဲ့စုံခွဲ စုပေါင်း၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကြက်ဥတစ်လုံး(၃၅၀-၄၅၀)၊ ဘဲဥတစ်လုံးလျှင် ၄၅၀-၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥအလုံးရေ (၁၆၄၀၀)၊ ဘဲဥအလုံးရေ (၂၂၅၀) ဈေးဖြင့် (၁၅.၁၁.၂၀၂၄)ရက်နေ့တွင်ရောင်းချပြီး ၅.၅.၂၀၂၅ ရက်နေ့ကလည်း ကြက်ဥအလုံးရေ (၁၆၄၀၀)နှင့် ဘဲဥအလုံးရေ (၂၂၅၀)ကို Social Distancing နှင့်အညီ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆန် ၁၀ပြည်ကို လူတစ်ဦး လျှင် ၁ပြည်နှုန်း ဆန်ဈေး ၁ပြည် (၃၀၀၀)ကျပ်၊ ဆီ ၃၀ပိဿာ လူတစ်ဦး ၅၀ကျပ်သား၊ ဆီဈေး ၁ပိဿာ ၇၁၈၀ ကျပ်၊ ဝက်သား၁၅ပိဿာ လူတစ်ဦး ၂၀ ကျပ်သားဖြင့် ၁ပိဿာ ၁၉၀၀၀ကျပ်ဈေးဖြင့်လည်းကောင်း၊ ကြက်သား ၁၀ပိဿာ လူတစ်ဦးလျှင် ၃၀ကျပ်သားဖြင့် ကြက်သားဈေးနှုန်း ၁ပိဿာ ၁၈၀၀၀ကျပ်ဖြင့် လည်းကောင်း၊ ငါး ၁၅ပိဿာ လူတစ်ဦး ၃၀ကျပ်သားဖြင့် ငါးဈေး ၁ပိဿာ ၆၀၀၀ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)