Main menu

ဟင်္သာတမြို့နယ်တွင် မိုးစပါးရာသီကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

Powered by Drupal

    ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်စိုက်တိုးမြှင့် ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်၊ယုံသလင်းတိုက်နယ်၊သင်္ဘန်းကုန်းကျေးရွာအုပ်စုရှိတောင်သူ ဦးချစ်ထွန်း၏ လယ်မြေဧရိယာ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားသို့  တက်ရောက်ကြ ကာ ဟင်္သာတမြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ  စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတမြို့နယ် တာဝန်ခံမှ ထိုအခမ်းနားသို့ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားကို ဟင်္သာတခရိုင်၊ဟင်္သာတမြို့ ယုံသလင်းတိုက်နယ်၊သင်္ဘန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးချစ်ထွန်း၏ လယ်မြေ(၃ ဧက)၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ကြဲပက်လျက်ရှိကာ အဆိုပါ သစ်စိမ်းမြေဩဇာ ကြဲပက်ခြင်းကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊ မိုးစပါးအထွက်နှုန်းတိုးတက်လာစေရန်နှင့် ဓါတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်း ကျင်ရှိ မြေဆီလွှာ၊ ရေ တို့တွင် ဓါတုအဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓါတ်ကိုလည်း ထိန်းညှိပေးသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ တက်ရောက်ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး နံနက်(၁၀:၃၀)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)