Main menu

ပေါင်းတည်မြို့နယ်တွင် တပိုင်တနိုင် ငါးမုန့်ခြောက်များ ထုတ်လုပ်

Powered by Drupal

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် နွယ်ချို(၁) ရပ်ကွက်၊ လမ်း(၂၀)တွင် တပိုင်တနိုင် ငါးမုန့်ခြောက်လုပ်ငန်း  လုပ်ကိုင် ဆောင်ရွက်နေသော ဒေါ်မျိုးမျိုး မုန့်ခြောက်လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံး ၊ ဝန်ထမ်းများက မုန့်ခြောက်ထုတ်လုပ် နေမှု အားသွားရောက်မေးမြန်းခဲ့ပါသည်။

    ငါးမုန့် ခြောက်ပြုလုပ်ရာတွင် ပါဝင် ပစ္စည်းများအနေဖြင့် ကော်မှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲမှုန့်၊ ဆားတို့ပါဝင်ကြောင်းသိရပါသည်။ ထိုနောက် ပါဝင်ပစ္စည်းများကို အချိုးကျပေါင်းစပ်ပြီး သမအောင် မွှေပေးရပါသည်။ ရရှိလာသောမုန့်နှစ်များအား မီးဖြင့်ပေါင်း၍  အပြားချပ်လေးများပြု  လုပ်ကာ နေလှမ်းပေးရကြောင်းသိရပါသည်။  ကော်မှုန့်တစ်အိတ်ပြုလုပ်လျင် ငါးမုန့် (၂၅)ပိဿာခန့်  ရရှိပြီး၊ ကုန်ကျစရိတ်အနေဖြင့် အလုပ်အသမားခအပါအဝင် (၁၄၄၀၀၀)ကျပ်ကုန်ကျပြီး၊ တစ်ပိဿာလျင် (၈၀၀၀)ကျပ်နှုန်း ဒေသတွင်းမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချရပါကြောင်း၊ အကျိုး အမြတ်အားဖြင့် (၅၆၀၀၀)ကျပ် ရရှိကြောင်းလုပ်ငန်းရှင်ထံမှသိရပါသည်။

DOCA(ပဲခူး)