Main menu

ဇလွန်မြို့နယ်အတွင်းရှိ ဆန်စက်များအားပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဆန်စက်များသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး  ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန် ဈေးနှုန်းများနှင့်အညီ ရောင်းချရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်းရှိ/မရှိ၊ အရည်အသွေးမမှန်မကန်ရောင်းချခြင်းများ၊ တရားမဝင်ကုန်စည်များ သိုလှောင်သိမ်းဆည်းထား ခြင်းရှိ/ မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးကွက်ရှိရာ မြို့နယ်အတွင်း/ မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန်များ တင်ပို့ ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)