
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ အား ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် အိမ်ရိုက်သံ ၁လက္မအသေး တစ်ပိဿာလျှင် (၉၃၀၀)ကျပ်၊ အိမ်ရိုက်သံ ၂လက္မမှ ၄လက္မ တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ သံချောင်း(သုံးမူး) တစ်ပိဿာလျှင်(၁၄၆၀၀)ကျပ်၊ သွပ်ရိုက်သံ ၂လက္မ၊ ၂ ½ တစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ သံချောင်း ½’ နီးပါး တစ်တန်လျှင်( ၁၄၆၀၀၀၀) ကျပ်၊ သံချောင်းလုံး ½ (4JY) တစ်တန်လျှင် (၁၈၂၀၀၀၀)ကျပ်၊ Hollow သံချောင်း thick 1.2 mm တစ်ချောင်းလျှင် (၂၈၃၀၀)ကျပ်၊ U Bean (လတ်) ၁လက္မလျှင် (၈၀၀၀၀)ကျပ်၊ I Bean (လတ်) 5-2 ½ ၁လက္မ လျှင် (၁၄၅၀၀၀)ကျပ်၊ သွပ်ပြား(လိုင်းပါ) အပါး (ဆင်တံဆိပ်) တစ်ပေလျှင် (၁၂၈၀)ကျပ်၊ သွပ်ပြား(လိုင်းပါ) အလတ် (ကြယ်စိမ်းတံဆိပ်) တစ်ပေ လျှင် (၁၆၀၀)ကျပ်၊ သွပ်ပြား (လိုင်းပါ)အထူ (ကြယ်စိမ်း တံဆိပ် ) တစ်ပေလျှင် (၁၆၈၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.3mm တစ်ပေလျှင် (၁၆၀၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.32mm တစ်ပေလျှင် (၂၃၀၀/၂၅၀၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.36mm တစ်ပေလျှင် (၂၉၅၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.42mm တစ်ပေလျှင် (၃၈၅၀)ကျပ်၊ ခေါင်အုပ်သွပ် thick- 0.3mm တစ်ပေလျှင် (၁၀၅၀/၁၁၀၀)ကျပ်၊ ခေါင်အုပ် သွပ် thick- 0.32mm တစ်ပေလျှင် (၁၂၀၀/ ၁၄၈၀) ကျပ်၊ ခေါင်အုပ်သွပ် thick- 0.36mm တစ်ပေလျှင် (၁၃၅၀)ကျပ်၊ ခေါင်အုပ်သွပ် thick- 0.42mm တစ်ပေလျှင် (၂၀၅၀)ကျပ်၊ ခေါင်အုပ်သွပ် ၃/၄’’ to ၂’’ တစ်ပိဿာလျှင် (၁၁၀၀၀/၁၁၅၀)ကျပ်၊ ခေါင်အုပ်သွပ် ၂’’ အထက် တစ်ပိဿာလျှင် (၁၁၀၀၀/၁၁၅၀၀)ကျပ်၊ အပါချီ (50) kg တစ်အိတ်လျှင် (၁၉၈၀၀/ ၂၁၀၀၀ ) ကျပ်၊ ကြံ့နှစ်ကောင်(50) kg တစ်အိတ်လျှင်(၂၆၀၀၀/၂၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင် မတ်လ နှင့် ယခုဧပြီလ ကာလတူ နှိုင်းယှဉ်လျှင် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်းနှင့် လုပ်ငန်းရှင်များအား ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်း ထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးဆောင် ရွက်ခဲ့ကြောင်းသိရပါသည်။
DOCA(မန္တလေး)