စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဧပြီလ (၂၈)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်မျာအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါ ဆေးဆိုင်များအား စစ်ဆေးရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိ အခြေနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA (မန္တလေး)