Main menu

တောင်ငူခရိုင်ဦးစီးမှူး ဆီကုန်သည်များနှင့်တွေ့ဆုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဌနှင့် ဆီကုန်သည်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက အမှတ်တံဆိပ်ပါ စားသုံးဆီများ ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ် အသားများ ပြည်စုံစွာဖော်ပြရန် လိုအပ်ပုံများ၊ ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများ အား ညွှန်ကြားချက်နှင့်အညီ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် စားသုံးသူပြည်သူများ လက်ဝယ် အရောက် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပုံများ၊ သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် စားသုံးဆီအပါအဝင် စားသုံးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်းမပြုရန် လိုအပ်ပုံများ ကို ရှင်းလင်းဆွေးနွေးပါသည်။

     ထို့နောက် ခရိုင်ဦးစီးမှူးသည် တက်ရောက်လာသည့် ဆီကုန်သည်များ၏ ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်း ဥက္ကဌ၊ ဦးကျော်သိန်းနှင့် တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်းမြို့နယ်များမှ ဆီကုန် သည် ၈ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)