Main menu

ရေတာရှည်မြို့တွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ငူခရိုင် ရေတာရှည်မြို့ရှိ ငလျင် ဘေးဒဏ်သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး လျှက်ရှိရာ ဧပြီလ ၇ ရက်နေ့တွင် အမှတ်(၄)ရပ်ကွက်ရှိ ဆင်ဖြူရှင်လမ်းနှင့် မင်းကြီးညိုလမ်းတို့တွင် mobile မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ပါသည်။

    ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များသည် ဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက စားသုံးဆီတစ်ပိဿာလျှင် ၇၈၀၀ ကျပ်၊ ကြက်မွေးမြူရေး လုပ်ငန်းရှင်များက ကြက်ဥတစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထို့အတူ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သူများက ကြက်သား၊ ဝက်သား၊ ငါးနှင့် ဟင်းသီးဟင်း ရွက်များကိုလည်း ရောင်းချပေးလျက်ရှိပါသည်။

    အခြေခံစားကုန်များရောင်းချရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ကြီးကြပ်ပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)