Main menu

ရွှေတောင်မြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ယွန်းတန်းလမ်းရှိ “စိန်စိန်ဝင်း” ဆန်စက်သို့ (၁၀.၄.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းအဖွဲ့သည်သွားရောက်၍ စီးပွားလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း ဆောင်ရွက်ခဲ့ရာ မိမိတို့ထုတ်လုပ်သည့် ပစ္စည်းအရည်အသွေးပြည့်မှီစေ‌ရေး၊ အလေးချိန်မှန်ကန်မှုရှိစေရေး ဥပဒေပါစားသုံးသူ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်အတိုင်း လုပ်ဆောင်ရေး ဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)