Main menu

ပန်းတနော် မြို့နယ် သင်ဖျာလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး တွေ့ဆုံဆွေးနွေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံသည် ပန်းတနော်မြို့နယ် တာဝန်ခံရုံး၌ ၂၀၂၂ခုနှစ် ဇွန်လ ၂၁ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် သင်ဖျာ လုပ်ငန်းရှင်(၂၀)ဦးအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ပေးရေးပညာပေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ ဥပဒေများအကြောင်းကို ရှင်လင်းဆွေးနွေးပြီး၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၂) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှု အပေါ် စားသုံးသူ၏ တောင်းဆိုနိုင်သည့် အခွင့်အရေး အခန်း(၁၇) ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု စပ်လျဉ်းသည် ကိစ္စရပ်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)