
(၆.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၂0) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းစစ်ဆေးရေးမှူး တို့လိုက်ပါ၍ ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၀၅၂)၊ ဘုရင့်နောင်လမ်း(၅)ရပ်ကွက်ရှိ မွန်မလေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးပြီး လက်ဖက်ရည်နှင့် အကြော်ဆိုင်များသို့ နေ့စဉ်သတ်မှတ်ခွဲတမ်းအလိုက် ရောင်းပေးပါကြောင်း၊ ဆီထုတ်ပေးချိန် ကိုလည်း နံနက် (၀၆:၃၀)မှ ညနေ(၁၇:၀၀)နာရီထိ ရောင်းပေးပါကြောင်း၊ နေ့စဉ်အရောင်းစာရင်းကိုလည်း ရေးသွင်းထားခြင်း၊ စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချခြင်းမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)