Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပ

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တောင်ကြီးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ဒေါ်စောယုထွေး(ဦးစီးမှူး)မှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၉) စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားရမည့်ပုံစံနည်းစနစ်များကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားသို့ တောင်ကြီးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် တက္ကသိုလ်ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ (၂၉၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)