
(၆.၅.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၅:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(၁)ဦးတို့ ပူးပေါင်းပါဝင်လျက် မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် လက်လီအရောင်းကိုယ်စားလှယ်ဖြစ်သော ဒေါ်မိုးမိုးအေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိမိရရှိသောခွဲတမ်းကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်း အလိုက်ခွဲ ထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက်(၁၀:၀၀)နာရီမှ ညနေ(၁၇:၀၀)နာရီထိ ရောင်းပေးပါကြောင်း၊ ထုတ်ရန်ကျန် စာအုပ်များကိုလည်း နောက်တစ်နေ့နံနက်တွင် ပြန်လည်ထုတ်ပေး ပါကြောင်း၊ ရောင်းချမှုလက်ခံ ဘောင်ချာများလည်း ထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း၊ သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)