
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီ လက်လီလက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး ၏ ညွှန်ကြား ချကနှင့်အညီ စားသုံးသူပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသော စားအုန်းဆီများ လက်လီလက်ကား ရောင်းချနေမှု အခြေအနေများကို မေလ(၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်မင်းအေး၊ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦး တို့ပါဝင် သော ပူးပေါင်းအဖွဲ့ဖြင့် ရပ်ကွက်အတွင်းနှင့် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသော ဆိုင်များ ဖြစ်သည့် အမှတ်(၉) ဗိုလ်ချုပ်လမ်း၊ ဈေးပိုင်းရပ်ကွက်ရှိ ကွမ်းခြံကုန်းမြို့နယ် ကိုယ်စားလှယ် ဦးဟိန်းသော်ဇင်ဦး (KMA Asia) လက်လီလက်ကား အရောင်းဆိုင်၊ အမှတ်(၅၆၂) ကံကျီးမကျီးရပ်ကွက် ဦးကျော်လွင် (လက်လီအရောင်းဆိုင်)၊ အမှတ်(၄၃၅) ဗိုလ်ချုပ်လမ်း ကံကြီးမကျီးရပ်ကွက် ဦးရဲ ဝင်းသိန်း (လက်လီအရောင်းဆိုင်)၊ အမှတ်(၃၁)ဗဟိုဈေးလမ်း ဈေးပိုင်းရပ်ကွက် ဦးခင်မောင်အေး (လက်လီအရောင်းဆိုင်)၊ စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချသည့် ဆိုင်များဖြစ်သည့် ဒေါ်လဲ့လဲ့သင်း (လက်လီအရောင်းဆိုင်)၊ ဒေါ်မြသီတာကျော် (လက်လီအရောင်းဆိုင်)၊ ဒေါ်မျိုးသူဇာထွန်း (လက်လီအရောင်းဆိုင်)၊ ဦးမြင့်မင်းသူ(လက်လီ အရောင်းဆိုင်) နှင့် ဦးခန့်ဌေး (လက်လီ အရောင်းဆိုင်)များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ ခွဲ့တမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် ရပ်ကွက်ကျေးရွာများနှင့် ရောင်းချပေးသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျှက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစားအုန်းဆီရောင်းချသည့် လက်လီဆိုင်များမှ စားအုန်းဆီ ကိုယ်စားလှယ်ထဲမှ လက်ကားဈေးဖြင့် ဝယ်ယူကာ ၂%အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ မိမိတို့တာဝန်ယူ ရောင်းချပေးရမည့် ရပ်ကွက်ကျေးရွာများသို့ အိမ်ထောင်စုစာအုပ်ဖြင့် (၇)ရက်တစ်ကြိမ် (၅၀) ကျပ်သားနှုန်းဖြင့် နေ့စဉ်နံနက် (၀၇:၀၀)နာရီမှ ညနေ(၁၅:၀၀)နာရီအချိန်အထိ ရောင်းချလျှက်ရှိ ပြီး စားအုန်းဆီ ကိုယ်စားလှယ်မှသည် အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခ၊ အလုပ်သမားခများ ထည့်သွင်းတွက်ချက်၍ (၂%)အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ တာဝန်ယူရောင်းချမည့် လက်လီဆိုင်များသို့လည်းကောင်း၊ နေ့စဉ်ရောင်းချသော စားသောက်ဆိုင်၊ အကြော်ဆိုင်များ၊ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတ လူမှုရေးကိစ္စများ၊ သာရေးနာရေး ကိစ္စများကိုပါ ရောင်းချနေကြောင်း သိရသည်။
ထို့နောက် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားအုန်းဆီများကို စားသုံးသူများ လက်ဝယ်အရောက် ရောင်းချသွားရန်၊ (၂%)အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင် ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်း စိစစ်ခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)