Main menu

ကျိုင်းတုံမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

Powered by Drupal

        (၁၀.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဟော ပြောပွဲသို့ ဆရာမ(၆)ဦး၊ ကျောင်းသား/သူ (၁၁၆)ဦးနှင့် မုန့်ဈေးဆိုင်ပိုင်ရှင် (၁၉)ဦး တက်ရောက်ခဲ့ပါ  သည်။

          ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်လင်းမျိုးသာ(လက်ထောက်ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကား ပြောကြားပြီး ဦးအောင်လင်းဦး (ဒုတိယဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လင်းဦး (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို မဝယ်ယူမီ စစ်ဆေးကြည့်ရှုရမည့် သိသင့် သိထိုက်သည့်အချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး(၈)ချက်ကို ကျောင်းသား/သူ များနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

          ယင်းနောက် စားသုံးသူများသည် ကုန်စည်(သို့) ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် နစ်နာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center(CICC) တွင် တိုင်ကြားနိုင်ကြောင်း၊ အဆိုပါ CICC မှ စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် သတင်းအချက်အလက်မှန်ကန်ပြည့်စုံသော “ကုန်စည်” (သို့) "ဝန်ဆောင်မှု” များကိုသာ ရွေးချယ်ကြရန် လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဆက်စပ်ဌာနများ၏ ထုတ်ပြန်ချက်များတွင်ပါရှိသော စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများအား ရှောင်ကြဉ်သင့်ကြောင်း စ သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်လင်းမျိုးသာ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး စာအုပ်/စာစောင်များကို ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ကျောင်းသား/ သူများအား ဖြန့်ဝေ ပေးခဲ့ပါသည်။

DOCA(ရှမ်း)