Main menu

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂)အစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

              ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၀) ရက်၊ သောကြာနေ့၊ နေ့လယ်(၁၄:၀၀)အချိန်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

              အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဉီးခွန်သိန်းမောင်၊ ဒုတိယဥက္ကဌ၊ ပြည်နယ်သယံဇာတ ဝန်ကြီးဉီးစိုင်းလိတ်နှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စားသုံး သူရေးရာဉီးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဒုတိယပြည်နယ်ဉီးစီးမှူးရုံး(ကျိုင်းတုံ)နှင့် ဒုတိယပြည်နယ်ဉီးစီးမှူးရုံး(လားရှိုး)၊ ခရိုင်ဉီးစီးမှူးရုံးများဖြစ်ကြသော (လွိုင်လင်၊ တာချီလိတ်၊ ကျောက်မဲ၊ မူဆယ်)များမှလည်း Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါတယ်။                                

              အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဉီးခွန်သိန်းမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာဉီးစီးဌာန၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဉီးတင့်လွင်ဉီးက(၁/၂၀၂၂)အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို (၁၆ :၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)