
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားခြင်း ရှိ/မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀) ဂရမ်အထက် အလှကုန်များနှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုး အမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူ ခံရမှာ ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)