Main menu

(Mo Mo )Online လုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ ကို (၇.၅.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် (Mo Mo)Online လုပ်ငန်း အမှတ်  (၂၅၅) ၊ ၄-B၊ မိဂသီ (၁၈)လမ်း၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက(Mo Mo)Online လုပ်ငန်းသည် ကလေးအသုံးအဆောင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စာအုပ် စာတမ်းများနှင့် စာရေးကိရိယာပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း များလုပ်သည့်လုပ်ငန်း ဖြစ်သည့်အတွက် လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)