Main menu

တောင်ကြီးမြို့တွင် ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၂.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတိုမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်များအား  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

                   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့ပေါ်ရှိ  အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူး ရန်နှင့် ကုန်စည်ပေါ်တွင် မြန်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)