စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တာဝန်ခံသည် ဇွန်လ ၁၆ ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေကျင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော နဝရတ် ၊ ဧရာရွှေဝါ ၊ ဇမ္ဗူမင်း (၁) ၊ ဇမ္ဗူမင်း (၂) ၊ နဝရတ်ရွှေရည် ၊ စိန်သဇင် စက်သုံးဆီဆိုင်များသို့ သွားရောက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းနှင့် လက်ကျန် အခြေအနေများကို သက်ဆိုင်ရာ မန်နေဂျာများက ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးနှုန်းများအနေဖြင့် နဝရတ် စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင် ၂၂၆၅ကျပ် ၊ ဧရာရွှေဝါ စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင် ၂၂၈၅ကျပ် ၊ ဇမ္ဗူမင်း (၁) ၊ ဇမ္ဗူမင်း (၂) စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင် ၂၂၅၅ကျပ် ၊ နဝရတ်ရွှေရည် စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင် ၂၂၆၅ကျပ် ၊ စိန်သဇင် စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင် ၂၂၇၅ကျပ် ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေး တို့အတွက် အရောင်းဆိုင်များအနေဖြင့် ထုတ်ပြန်ထားရှိသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေးအတွက် ဝန်ဆောင်မှုပေးရေးတို့ကို ဆွေးနွေးမှာကြောင်းခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပဲခူးတိုင်းဒေသကြီး