စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် (၂၃.၆.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၂)ကြိမ်မြောက်ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဉက္ကဌ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန့်က အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့်ဧပြီလနှင့် မေလများတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP)၏ Websiteတွင် နယ်စပ်ဖြတ်ကျော် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်ကို မကြာမီအကောင်အထည်ဖေါ်သွားမည်ဟု သိရပါကြောင်း၊ အဆိုပါစနစ်အားတရားဝင် Launch လုပ်ပြီးပါက အများပြည်သူသို့အသိပေးရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အမှာစာများဖတ်ကြား တင်ပြ၍ ကော်မတီအတည်ပြုချက်ရယူခဲ့ပြီးယခုလက်ရှိဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သည့် စားသုံးသူနှင့်လုပ်ငန်းရှင်များအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့မှုများ၊ ဈေးကွက်စောင့်ကြည့် ခြင်း၊ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ စားသုံးဆီနှင့် စက်သုံးဆီများကို ရည်ညွှန်းဈေးဖြင့်ရောင်းချစေရန် အရည်အသွေး အချင်အတွယ် မှန်ကန်စေရေး ဆောင်ရွက်ခဲ့မှုများကိုတင်ပြပါသည်။ စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များမှလည်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုဆွေးနွေးတင်ပြကြပါသည်။ စားသုံးသူရေးရာကော်မတီဥက္ကဌမှ လစဉ်ဆောင်ရွက်လျက်ရှိသော ကော်မတီ အစည်းအဝေးကို အဖွဲ့ဝင်များမှ မပျက်မကွက်တက်ရောက်ကြပါရန်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် ပရဟိတလုပ်ငန်းဟုသတ်မှတ်နိုင်သည် ဖြစ်သည့်အတွက် ကုသိုလ်လည်းရပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စိတ်ရင်းစေတနာ ကောင်းကောင်းဖြင့် အကြံပြုဆောင်ရွက်ကြပါရန် ပြောကြားပြီး စားသုံးသူရေးရာကော်မတီ အစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)