Main menu

ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၇.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးကံစောလှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ အခြားမိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ဦးပါဝင်လျက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချသောစက်သုံးဆီများ သတ်မှတ်အရည်အသွေး ပြည့်မီခြင်း ရှိ/မရှိ၊ အချင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ၊ ဆီကန်အတွင်း ဆီလက်ကျန်အမှန်တကယ် ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ၇.၅.၂၀၂၅ ရက်နေ့ ကျိုက်ထို မြို့နယ်တွင် ရောင်းချသော စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း ၉၂  (၂၉၆၅) ကျပ်၊ အောက်တိန်း ၉၅ (၃၀၂၅) ကျပ်၊ ပရီမီယံဒီဇယ် (၃၁၃၀) ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မွန်)