
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ၇.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀)နာရီက ကျောက်တလုံးကျေးရွာ၊ ကွင်းအမှတ် (၈၂၈) ဘုရားကျောင်းကွင်း၌ ပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင် ဦးကျော်မြင့်၊ ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက မိုးစပါး မျိုးစေ့ချကိရိယာ (Seeder)ဖြင့် လက်တွေ့စိုက်ပျိုးခြင်းကို ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော် က တောင်သူများအား မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးခြင်းသည် ကြဲခင်းစနစ်တွင် အထွက်နှုန်း တိုးတက်စေရန်အတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စနစ်တကျ ဆောင်ရွက်ခြင်း၊ အတန်းလိုက်စနစ်ဖြင့်ခြင်း အပင်ပေါက်ညီညာခြင်း၊ အပင်ပြုစုထိန်းသိမ်း ရာတွင် လွယ်ကူစေခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် စနစ်တကျဆောင်ရွက်နိုင် ခြင်း၊ အပင်အာဟာရနှင့်လေဝင်လေထွက်စနစ်ကောင်းမွန်ခြင်းကြောင့် တစ်ဧကအထွက်နှုန်း တိုးတက်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ တာဝန်ရှိသူများက သစ်စိမ်းမြေသြဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ကြည့်ရူအားပေးကာ မိုးစပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
DOCA(မွန်)