Main menu

ပဲခူးခရိုင်အတွင်း ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ပဲခူးခရိုင်အတွင်း လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စျေးကွက်ထဲတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ ( 3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက် အစားအစာများကို တရားမဝင် တင်သွင်းရောင်းချမှု ရှိ/မရှိ ၂၁.၆.၂၀၂၂ ရက်နေ့များတွင် ဒိုက်ဦး ၊ ညောင်လေးပင် ၊ ရွှေကျင် ၊ သနပ်ပင်မြို့များရှိ ကုန်စုံဆိုင်ကြီးများတွင် လည်းကောင်း ၊ ၂၂.၆.၂၀၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများသည် စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ကြီးများတွင် ၎င်းအမှတ်တံဆိပ်အား ‌ရောင်းချမှု မရှိကြောင်း တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာမြို့နယ်ခံများက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အရည်အသွေးမီ ကုန်ပစ္စည်းများရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး အခန်း (၁၈) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အကြောင်းအရာများကို လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည်ဟု ယူဆရသောကုန်စည်များ ပပျောက်နိုင်ရေးအတွက် မိမိဌာနရှိ စစ်ဆေးရေး အရာရှိများမှ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)