
၈.၅.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေး ခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအတွက် ပထမအကြိမ်ရရှိသည့် ယူရီးယားဓာတ်မြေဩဇာ နှင့်တွဲဖက်ထုတ်ပေးမည့် ရွှေဇီဝအားဖြည့်သဘာဝဇီဝမြေဩဇာအစည်းအဝေးအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် သထုံမြို့နယ်အတွက် မိုးစပါးစိုက်ဧက ၁၃၃၁၁၁ စိုက်ဧက အပေါ် ယူရီးယားဓာတ်မြေဩဇာ ၁၄၃၃ အိတ်အား ၉၃ ဧကလျှင် တစ်အိတ်နှုန်းဖြင့် မိုးစပါးမျိုးစေ့ စိုက်ဧက ၇၀ ဧကအတွက် တစ်အိတ်နှုန်းဖြင့် ၇၀ အိတ်၊ မိုးစပါးစံပြကွက် ၁၈၅ ဧကအတွက် ၁၈၅ အိတ် စုစုပေါင်း ယူရီးယား ၁၆၆၈ အိတ်၊ ယူရီးယား ၄ အိတ်လျှင် ရွှေဇီဝသဘာဝ မြေဆွေး တစ်အိတ်နှုန်းဖြင့် ၄၂၂ အိတ်ဖြင့် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီအတွက် ပထမအကြိမ် ခွဲတမ်းရရှိကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။
DOCA(မွန်)