Main menu

စားသုံးဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဒုတိယဦးစီးမှူးဦးဆောင်သောဝန်ထမ်းများသည်(၇.၅.၂၀၂၅)‌ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီတွင် အောင်ပန်းမြို့ ၊မြို့ဟောင်းရပ်ကွက်ရှိ စားသုံးဆီ အရောင်းဆိုင် (၂)ဆိုင်နှင့် (၈.၅.၂၀၂၅)‌ရက်နေ့(၁၃:၀၀)နာရီတွင် ကလောမြို့ ၊ ကျောက်တန်းကျေး ရွာ ရှိစားသုံးဆီအရောင်းဆိုင်(၁)ဆိုင်နှင့် အင်းပြင်ကျေးရွာရှိ စားသုံးဆီ အရောင်းဆိုင်(၁)ဆိုင်တို့အားအထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း နှင့်စိစစ်ကြီးကြပ်ခြင်း ဆောင်ရွက်ခဲ့ပါ သည်။

    ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီလက်လီအရောင်းဆိုင် လုပ်ငန်းရှင်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ရရှိ သောခွဲတမ်းများအား စာအုပ်စနစ်ဖြင့်ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုတွင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်း ၊အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့်ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင် ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တစ်နေ့ စာတစ်နေ့ကုန်အောင် ရောင်းချပေးပြီး၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ ရက်ကျော်လွန်လျှင်လည်း ပြန်လည် ရောင်းချပေးပါကြောင်း သိရှိရပြီး မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်း ရှိပါက အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)