Main menu

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊မေလ (၈) ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပေါ်ဆန်း(YA)၊ စားအုန်းဆီ၊ ဆား၊ ခရမ်းချဉ်သီး၊ မန်ကျီးသီးမှည့်နှင့် ငါးမြစ်ချင်းတို့ ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ငရုတ်ခြောက်ပွ၊ ကြက်သွန်ဖြူ(ကြူကုတ်)ဈေးနှုန်းအနည်းငယ် ကျဆင်း ခဲ့ပါသည်။ ပေါ်ဆန်း(YA)နှင့် ဆား ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မမှဝယ်ရင်းဈေးမြင့်တက်ခဲ့သော ကြောင့်လည်းကောင်း၊ စားအုန်းဆီဈေးနှုန်းမြင့်တက်ရခြင်းမှာ ထိုင်း (ဘတ်) ငွေ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ခရမ်းချဉ်သီး၊ မန်ကျီးသီမှည့် နှင့် ငါးမြစ်ချင်းဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသသို့ အဝင်နည်းသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ပါသည်။

    ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)