Main menu

အုတ်တွင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြော

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာ နှင့်အတူ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့၊ ကြက်သွန်ခင်း အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင်လည်းကောင်း၊ မွန်းလွဲ့ပိုင်းတွင် ကျောက်တလင်း အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင်လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဌာနမှဆောင်ရွက်မှု များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာ တွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကိုအကျယ်တဝင့် ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

              ကြက်သွန်ခင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ (၇၃)ဦးနှင့် ကျောက်တလင်း အခြေခံပညာမူလတန်း(လွန်)ကျောင်း ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ (၈၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)