Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

          (၆-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် အမှတ်(၂)ဈေး၊ သာကေတမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင် (၃) ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှု အခြေ    အနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ဈေးကစားရန် အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး ၊ ထိုသို့ ပြုလုပ် သည်ကို စစ်ဆေးတွေ့ရှိပါက  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည် ဖြစ် ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)