Main menu

ခရမ်းမြို့နယ်ရှိဆန်ဆိုင်များအားဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချ လျှက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း စားသုံးသူများ လွယ်ကူစွာ ပစ္စည်းမှန်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေ ရန် ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်  မေလ(၈)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန် တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် ဆန် လက်လီ/လက်ကားရောင်းချလျှက်ရှိသော ငြိမ်းဆန်ဆိုင်၊ ရွှေခြင်္သေ့ဆန်ဆိုင်၊ ဒေါ်သောင်းသောင်း ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထအုပ်စုဆန်အမျိုးအစားများ၊ ဧရာဝတီဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်း ဆန် ဈေးနှုန်းများ၏ ဝယ်ဈေး၊ ရောင်းချဈေး (၁)ပြည်၊ (၁)အိတ် ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊  ဆန်သိုလှောင် ထားရှိသော လက်ကျန်အိတ် အရေအတွက် များ ကောက်ခံခြင်း များပြုလုပ်ပြီး ဆန်များရောင်းချရာတွင် စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးမှ လစဉ်သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများအား ထုတ်ပြန်ပေးလျှက်ရှိရာ သယ်ယူ၊ သိုလှောင် စရိတ်များအပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)