Main menu

ခရမ်းမြို့နယ်တွင်စားသုံးသူပြည်သူများအားသက်သာသောဈေးနှုန်းများဖြင့်ကြက်ဥများရောင်းချ

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင်  မေလ(၈)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းများဖြင့် ကြက်ဥများ ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကြက်ဥဈေးနှုန်းများ တည်ငြိမ်စေ ရေးအတွက် ရည်ရွယ်၍ ရောင်းချပေးလျှက်ရှိပြီး ကြက်ဥတစ်လုံးလျှင် (၃၇၀) ကျပ်ဖြင့် ခရမ်းမြို့နယ် ရှိရပ်ကွက်ကျေးရွာများတွင် အလှည့်ကျရောင်းချလျှက်ရှိရာ (၁)ရက်လျှင် ကြက်ဥအလုံးပေါင်း (၅၀၀၀)ခန့်အား မြို့နယ်အတွင်း ကြက်မွေးမြူရေးလုပ်ငန်း အောင်ကောင်းစံ ကြက်မွေးမြူရေးခဲ့မှ ဝယ်ယူ၍ စားသုံးသူများအား ဖြန့်ဖြူးရောင်းချလျှက် ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)