
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း နှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိအားမေလ (၇)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဖြိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မီးသတ် ဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ မြို့နယ်ရဲမှူး ဦးမောင်မောင်လွင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးတင်ထွန်းအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် ဇီးကုန်းကျေးရွာရှိ မေတ္တာမွန် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင် နှင့် နတ်စင်ကုန်း စံပြကျေးရွာအုပ်စု၊ ဟင်္သာကုန်းကျေးရွာရှိ ရွှေလရောင် အရောင်းဆိုင်များရှိ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အိမ်ဆောက် ပစ္စည်းများဖြစ်သည့် သံ၊ သွပ်၊ ဘိလပ်မြေ ပစ္စည်းများအား ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချရာတွင် ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြား ခဲ့ပြီး ပစ္စည်းလက်ကျန်နှင့် ဈေးနှုန်းအခြေအနတို့အား စစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိဘဲ ပုံမှန်ဈေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)